နာမည်ကျော် Horror Production ဖြစ်တဲ့ Shudder ရဲ့ခရစ်စမတ်အမှီ ရုပ်ရှင်အသစ်ပါ။Tori နဲ့ Robbie တို့နှစ်ယောက် ခရစ်စမတ်အကြိုညလေးမှာ အရက်သောက်ပြီး အပြတ်ကဲဖို့ကြံနေတုန်းအရုပ်ဆိုင် ဆန်တာကလော့စ်အဖြစ်အစားထိုးမယ့် စက်ရုပ်ကြီးဟာ အသက်၀င်လာပါတယ်။ ဒီဆန်တာစက်ရုပ်ကြီးဟာ Defense Software တွေနဲ့ ပြုလုပ်ထားတာဖြစ်လို့ ချို့ယွင်းသွားတဲ့အခါ လူသတ်စက်ရုပ်ကြီးဖြစ်သွားပါတယ်။ ဒီ Robosanta ကြီးလူသတ်ပွဲစချိန်မှာတော့ Tori တို့လည်း လွတ်မြောက်နိုင်ဖို့ရုန်းကန်ကြပုံကို သည်းထိပ်ရင်ဖိုကြည့်ရှုခံစားရမှာပါ။