Sign In
We'll never share your email with anyone else.
Reset Password

Enter your email address and we'll send you a link to reset your password.

Back to Sign In

Your Christmas or Mine?

Your Christmas or Mine? 2022

ခရစ္စမတ်နားနီးလာပြီဆိုတော့ Christmas Vibe လေးရအောင်တင်ဆက်ပေးလိုက်ပါပြီနော်။ ခရစ္စမတ်နဲ့ပတ်သက်ပြီး ရုပ်ရှင်ဇာတ်ကြောင်းတွေအများကြီးထဲကမှ ဒီကားလေးကတော့ မိသားစုနှစ်ခုအကြောင်းကို side by side ယှဉ်ပြထားတာမို့ တစ်မူထူးခြားတဲ့ကားလေးပဲဖြစ်ပါတယ်။ အဲ့ဒါအပြင် မင်းသားနဲ့မင်းသမီးတို့ရဲ့အလွဲတွေလည်းပါတာမို့ ကြည့်ရင်းပြုံးစိစိဖြစ်ရမယ့်ကားလေးပါ။ခရစ္စမတ်အားလပ်ရက်ဆိုတော့ ဂျိမ်းစ်နဲ့ဟေလီတို့ အသီးသီးအိမ်ပြန်ရဖို့ ဘူတာရုံမှာလမ်းခွဲကြပါတယ်။ ချစ်စခင်စကြင်နာစဆိုတော့မခွဲနိုင်မခွာရက်ဖြစ်ပြီး ခရစ္စမတ်ကိုအတူတူဖြတ်သန်းကြဖို့ စိတ်ကူးမိကြပါတော့တယ်။ အဲ့ဒါနဲ့ ဂျိမ်းစ်စီးမယ့်ရထားပေါ်ကို ဟေလီတက်သွားပြီး ဟေလီ့ရထားပေါ်ကိုလည်း ဂျိမ်းစ်တက်သွားပါတော့တယ်။အလွဲလွဲအချော်ချော်နဲ့ ဂျိမ်းစ်အိမ်ဆီကိုဟေလီရောက်သွားပြီး ဟေလီအိမ်မှာ ဂျိမ်းစ်ကဧည့်သည်လုပ်ရတဲ့အခါ ဘယ်လိုမျိုးပြသာနာတွေတက်မလဲ? သူတို့ချစ်သူကိုယ်စား မိသားစုနဲ့အတူ ခရစ္စမတ်မှာဘယ်လိုမျိုး ဖြတ်သန်းမလဲဆိုတာ ပေါ့ပေါ့ပါးပါးလေး ကြည့်လိုက်ရအောင်နော်။

ဒေါင်းလုပ် စာရင်းဆာဗာ

ဆင်တူ ရုပ်ရှင်တွေ

အကြံပြုချက် ရုပ်ရှင်တွေ