ဒီဇာတ်လမ်းမှာလည်း ထို့အတူပဲ ၁၉၇၇ မှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ Daisy Jones and The Six ဆိုတဲ့ တီးဝိုင်းအဖွဲ့တစ်ခုဟာ အောင်မြင်မှုတွေ အလီလီဆွတ်ခူးရင်း ဂီတလှိုင်းလုံးကြီးမှာ ပျော်မွေ့ခဲ့ကြပါတယ်။ လက်မှတ်တွေ တစ်စောင်မကျန်အောင် ရောင်းချရတဲ့ ချီကာဂိုမြို့ Solider Field က ဖျော်ဖြေပွဲတစ်ခု အပြီးမှာတော့ သူတို့အဖွဲ့ ဂီတလောက ကနေ အနားယူခဲ့ကြပါတယ်။ ဆယ်စုနှစ်တွေ ကြာအပြီးမှာတော့ ဘာဖြစ်လို့ အဖွဲ့ကို ဖျက်သိမ်းပြီး အနားယူခဲ့လဲဆိုတာကို အဖွဲ့သားတွေက အမှန်အတိုင်းပြောပြဖို့ သဘောတူခဲ့ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ သူတို့အဖွဲ့ ဘယ်လို စတင်ဖွဲ့စည်းဖြစ်တယ်၊ ဘယ်လိုနာမည်ကြီးအောင်လုပ်ကြတယ်၊ ဘယ်လိုတွေ စီးမျှောခံစားကြတယ်၊ ဘာကြောင့် အဖွဲ့ပျက်သွားတယ်ဆိုတာတွေကို ဇာတ်လမ်းတစ်လျှောက် အနိမ့်အမြင့်တွေကို သီချင်းကောင်းများစွာနဲ့ လိုက်ပါခံစားနိုင်မယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။