လူ့လောကမှာ နှစ်ပေါင်း ၉၀၀ ကြာ နေထိုင်ခဲ့ရတဲ့Kim Shin ဟာ သူ့ရဲ့ထာဝရရှင်သန်ခြင်းကိုအဆုံးသတ်နိုင်ဖို့အတွက် မှင်စာသတို့သမီးကိုလိုက်လံရှာဖွေရင်း စောင့်မျှော်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒီလိုနဲ့ တစ်ညမှာတော့ သေနေ့စေ့ပြီဖြစ်တဲ့ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက်ကိုသနားကရုဏာသက်ကာ အသက်ကယ်တင်ပေးခဲ့ပါတယ်။ ထိုအမျိုးသမီးက Ji Eun Tak ဆိုတဲ့သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။Ji Eun Tak ဟာ ငယ်စဉ်ကတည်းက နာနာဘာဝတွေကိုမြင်နိုင်စွမ်းရှိပြီး သူအရွယ်ရောက်လာတဲ့အခါမှာတော့တစ္ဆေသရဲတွေဟာ သူ့ကိုတွေ့တိုင်း “မှင်စာသတို့သမီး”လို့ တီးတိုးရွတ်ဆိုနေသံကို မကြာခဏ ကြားခဲ့ရပါတယ်။အဒေါ်ဖြစ်သူ မိသားစုနဲ့ အတူနေထိုင်ပေမဲ့အမြဲအနိုင်ကျင့် နှိပ်စက်ခံရတာကြောင့် အဘက်ဘက်ကနိမ့်ကျနေချိန်မှာ ကယ်တင်ရှင်ဖြစ်လာမဲ့မှင်စာဦးလေးကြီးနဲ့ ဆုံတွေ့ခဲ့ရပါတယ်။