သွေးစွန်းသောမကိုဋ် ဇာတ်လမ်းတွဲဟာ ကချေသည်ညီအစ်မ သုံးယောက်အကြောင်းပါ အကြီးဆုံး ချဒါဖွမ် က လှပပြီး ယောက်ျားလေးတော်တော်များများက မျက်စိကျရသူပေါ့ ချဒါဖလွိုင် ကတော့ လွတ်လပ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိတဲ့သူလေးပါ လူတိုင်းနဲ့အဆင်ပြေတဲ့ အချစ်ခံ ချဒါဖိတ် ကတော့ အငယ်ဆုံးလေးပါ ဖွမ်က ချဒါနန်းစံအိမ်ရဲ့ဆက်ခံသူဖြစ်ပါတယ် ဆူဖနာမျိုးရိုးရဲ့ မကိုဋ်ကျိန်စာအရ ထိုက်တန်သူမှ ဆက်ခံလို့ရမယ်ဆိုတော့ သူမဟာ နေ့စဉ်ရက်ဆက် ကချေသည်သရဲမရဲ့ခြောက်လန့်တာကိုခံနေရပါတယ် တစ်နေ့ကျတော့ ချဒါဖွမ်က မတော်တဆမှုကြောင့်သေဆုံးသွားရပါတယ် တကယ်က မတော်တဆမဟုတ်ဘဲ လူသတ်မှုဖြစ်နေပါတယ် ဒါဆိုရင် ချဒါဖွမ်ကို သတ်ခဲ့တဲ့သူက ဘယ်သူဖြစ်နေမလဲ ဘာကြောင့် ချဒါဖွမ်အသတ်ခံရတာလဲ မကိုဋ်ကျိန်စာနဲ့ရောဆိုင်နေမလားဆိုတာကိုတော့ ရင်ထိတ်ဖွယ်ရာ “သွေးစွန်းသော မကိုဋ်” ဇာတ်လမ်းတွဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ရအောင်ပါ