ဗလယ်ဒီယားဟာ စာရေးဆရာမ ဖြစ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ သို့သော် စာရေးဖို့လုပ်တိုင်း ဘာအကြံဉာဏ်မှထွက်မလာဘဲလမ်းဆုံးနေခဲ့ပါတယ်။ ထို့အတွက် သူ့ကိုယ်သူအားမလို အားမရဖြစ်ပြီး ဝမ်းနည်းနေတဲ့သူပါ။ ထို့အတူ ခင်ပွန်းဖြစ်သူနဲ့လည်း ပြေလည်လှတယ် မဟုတ်ဘဲအိမ်ထောင်ရေးမှာအခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။အလုပ်မရှိတာလည်း ၄ လကြာမြင့်ပြီမို့ ငွေရေးကြေးရေး ပြဿနာလည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း သုံးယောက် ဖြစ်တဲ့လိုလာ၊ ကာမန်းနဲ့ နေရီယာတို့က သူ့ကို နှစ်သိမ့်ပေးကြပါတော့တယ်။ဗလယ်ဒီယားတစ်ယောက် ထိုအခက်အခဲတွေကို ဘယ်လိုဖြတ်သန်းမလဲဆိုတာကို ဟာသတွေနဲ့ ကြည့်ရှု့ရမယ့် Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့စပိန်စကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။