အထူးလျှို့ဝှက်တပ်ဖွဲ့ဝင်ဟောင်း အဲလက်စ်ဟာ ထောင်ကျနေတဲ့ သားဖြစ်သူကို လာတွေ့ရင်း ထောင်ထဲက အကျဉ်းသားတစ်ယောက်က အရာရှိတွေကိုလုပ်ကြံပြီး ထောင်ကို အပိုင်စီးတဲ့ ဖြစ်ရပ်နဲ့ကြုံလို့ သူပါ ထောင်ထဲမှာ ပိတ်မိခဲ့ပါတယ်။ သူ့သားဖြစ်သူပါ ထောင်ထဲမှာရှိနေတော့ ကယ်ထုတ်ဖို့လုပ်ရင်း အထူးတပ်ဖွဲ့ဝင်ဟောင်း တစ်ယောက်ဖြစ်တာနဲ့အညီ တိုက်ရည်ခိုက်ရည်တွေကို အသုံးချပြီး ထောင်ကျနေလျက်ကနေ လုံခြုံရေးတွေကို သူ့ဘက်ပါအောင်လုပ်ပြီး ထောင်ကိုစီးနင်းနိုင်တဲ့အထိ ဉာဏ်နီဉာဏ်နက်များတဲ့ ရာဇဝတ်သားနဲ့ အားပြိုင်သွားမယ့်ပုံတွေကို ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းလေးပဲဖြစ်ပါတယ်။