ဂျယန့်ဆိုတဲ့ နည်းပညာကျောင်းသားလေးဟာ ကျောင်းပြပွဲတစ်ခုမှာသူ့ရဲ့ Presentation ကိုတင်ဆက်ပြသနေရင်းနဲ့ စက်ရုပ်ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုကသူ့ကိုသ ဘောကျသွားပြီး ကုမ္ပဏီဒါရိုက်တာ ခန့်လိုက်ပါတယ် အဲ သူက စီအီးအိုရဲ့သမီးနဲ့ ချစ်ကြိုက်နေတယ်ပေါ့။ လူမသိအောင်လည်း မိုနီကာဆိုတဲ့အပျော်မယ်တစ် ယောက်နဲ့ကြိတ်ပုန်းခုတ်နေသေးတယ် ဇာတ်လမ်းက အဲ့ဒီမှာ စပြီ မိုနီကာက ဂျယန့်ကို ခြိမ်းခြောက်ပါပြီ သူမမှာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပါပြီဆိုပြီးကလေးစရိတ် တောင်းပါပြီ ချစ်ရသူကလည်းတစ်ဖက် ချစ်ရသူနဲ့စုံမက်ခွင့်မရရင် ဆင်းရဲတဲ့ဘဝကတက်လာတဲ့ သူ့အတွက်လောလောလတ်လတ်စည်းစိမ်တွေပျောက်သွားမှာ လည်းစိုး ဒီလို စိတ်ညစ်နေတုန်းမှာပဲ သူနဲ့ဘဝတူ တစ်လှေတည်းစီး နောက်နှစ်ယောက်နဲ့သွားဆုံမိပါတော့တယ် သူတို့နှစ်ယောက်ကတော့ သူချစ်ရသူရဲ့အစ်ကို တော်နဲ့သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက စာရင်းကိုင်ပါပဲ သူတို့ကိုလည်း ထိုးနည်း၎င်းပဲ မိုနီကာက ခြိမ်းခြောက်ငွေညှစ်နေပါတယ်။ ကြံရာမရတော့တဲ့အဆုံးသူတို့ သုံးယောက်ပေါင်းပြီး မိုနီကာကိုသတ်ပစ်ဖို့ကြံပါတော့တယ်။ သူတို့ထင်ထားခဲ့သလိုပဲ ဒီအရှုပ်တော်ပုံကြီးလက်ကနေ လွယ်လွယ်နဲ့လွတ်မြောက်နိုင်ပါ့မလား။ နောက်ထပ်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့။