ဒီဇာတ်ကားမှာ ကာသစ်က လက်တွေ့သိပ္ပံကလွဲရင် ကျန်တာတွေကို အယုံအကြည်မရှိဘူးဆိုပေမယ့် လက်တွေ့ဆန်တာ ယုတ္တိရှိတာတွေကိုတော့ ယုံလေ့ရှိသလို တစ်မူထူးခြားတဲ့လူတစ်ယောက်လည်း ဖြစ်တယ် သူဟာဆရာဝန်တစ် ယောက်ဖြစ်သလို စူးစမ်းလေ့လာရေး သမားတစ်ယောက်လည်းဖြစ်သေးတယ် ဘုရားအဆင်တန်ဆာတွေကို လိုချင် တပ်မက်နေကြတဲ့ သိုက်တူးသမား အဖွဲ့အစည်းတစ်ခုရှိတယ် လောဘသားကောင်တွေဆိုပါတော့ ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းမယ့် လူစားမျိုးတွေ အဲ့ဒီအဖွဲ့အစည်းထဲက ပရော်ဖက်ဆာတစ်ယောက်ဟာတော့ ဒီအဖြစ်ကို မလိုလား ခဲ့ဘူး ဒါကြောင့် အဆင်တန်ဆာတွေရဲ့ တည်နေရာကို ခဲရာခဲဆစ်နဲ့ တစ်ယောက်တည်း သဲလွန်စတွေ ရှာဖွေဖေါ်ထုတ်ခဲ့ တယ်နောက်ဆုံး ဒီသဲလွန်စတွေနဲ့ အဆင်တန်ဆာတွေကို ကာကွယ်ရမယ့်တာဝန်က ကာသစ်ဆီရောက်လာတော့ ဗီဇအရ စူးစမ်းရှာဖွေလိုစိတ်အပြည့်ရှိတဲ့ ကာသစ်ဟာ ဒီသဲလွန်စတွေကိုဘယ်လိုရှာဖွေဖေါ်ထုတ်မလဲ။ ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ သူ့ခရီးကိုဘယ်လိုဖြတ်သန်းမလဲဆိုတာကတော့။