သူတို့ကိုယ်သူတို့ Stream Team လို့ နာမည်ပေးထားတဲ့ ဆိုရှယ်မီဒီယာပေါင်းစုံက Streamer တစ်စုဟာ တစ်ရက်မှာ ဘီလီယျံနာကြီးတစ်ယောက်ရဲ့ ဖိတ်ကြားချက်အရ သူ့ရဲ့ အိမ်တော်ကြီးဆီ ရောက်ရှိခဲ့ပါတယ်။ တစ်ဖက်မှာတော့ တစ်ချိန်က နာမည်ကြီး တီဗီအစီစဉ်တစ်ခုရဲ့ ဇာတ်လိုက်ဖြစ်ခဲ့သူတစ်ဦးဟာ အသက်မွေးဝမ်းကြောင်းကို စွန့်လွှတ်ပြီး လမ်းတွေပေါ်မှာ စတည်းချရင်း သွေးစုပ်ဖုတ်ကောင်မုဆိုး ဖြစ်လာပါတယ်။ ဇာတ်လိုက်ကျော် Streamer တွေအကြောင်းကို ပြန်ဆက်ရရင်တော့ အနာဂတ်တွေ တလက်လက်ထ တောက်ပပြီလို့ ထင်ပြီးကာမှ တကယ်တမ်း တလက်လက်ထနေတာကတာ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ အစွယ်တွေသာ ဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့