ဒီကားလေးမှာတော့ မိသားစုတစ်စုကဘရေ့ချ်ဟောလိုးဆိုတဲ့ မြို့တစ်မြို့ကို ပြောင်းလာခဲ့ပါတယ်။ အဖေက သိပ္ပံဘာသာသင်တဲ့ ဆရာဖြစ်ပြီး သမီးကိုပါ အတင်းသိပ္ပံအတန်းကိုပဲ တက်ဖို့တွန်းအား ပေးထားတာဖြစ်ပါတယ်။ ပြီးတော့သူကိုယ်တိုင်က ကြောက်တတ်တဲ့အတွက် သမီးဖြစ်သူကိုဟောလိုးဝင်း ပွဲကိုတောင် ဆင်နွှဲခွင့်မပေးပါဘူး။ ဒါပေမယ့် ကံအကြောင်းကဖန်လာတဲ့ အချိန်မှာ သူတို့သားအဖ နှစ်ယောက်က ကျိန်စာသင့်နေတဲ့ ဝိဉာဉ်တစ်ခုကို လွတ်ပေး လိုက်မိပါတယ်။ အဲ့ဒီဝိဉာဉ်ကို ပြန်ချုပ်နှောင်ဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေ တွေ့ကြုံရမယ် ကြောင်နဲ့ကြွက်သားအဖနှစ်ယောက် ဘယ်လိုအဆင်ပြေသွားကြမယ်ဆိုတာ ကြည့်ရမဲ့ မိသားစု ဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။