ဒီဇာတ်ကားကတော့ ကလေးလူကြီးအားလုံး အကြိုက်တွေ့မယ့် animation movieကောင်းလေးပဲ ဖြစ်ပါတယ် မက်စ်တို့နေတဲ့ smellivileဆိုတဲ့မြို့မှာ အနံ့အသက်ဆိုးဝါးလှတဲ့အမှိုက်ပုံကြီးရှိနေတာကြောင့် မြို့သူမြို့သားတွေအားလုံး အိမ်ပြင်မထွက်နိုင်ဘဲ အခက်ကြုံနေရပါတယ် မက်စ်တို့ကတော့ ဒီအမှိုက်ပုံကြီးကို ဖြေရှင်းဖို့ နည်းလမ်းကို ရှာဖွေနေခဲ့တာပါ တစ်နေ့ Ogglyဆိုတဲ့ ခန္ဓာကိုယ်အစိမ်းနဲ့မိသားစုတစ်စု သူတို့မြို့ကိုရောက်လာခဲ့ပါတယ် Oggly တွေက အမှိုက်စားတဲ့သတ္တဝါတွေဖြစ်တော့ အမှိုက်ပုံကြီးရှိနေတဲ့မြို့က သူတို့အကြိုက်ပါပဲ ဒါပေမယ့် အဲဒီအမှိုက်ပုံကြီးရှိတဲ့နေရာမှာအဆောက်အဦး ဆောက်ပြီး Ogglyတွေကိုနှင်ထုတ်ဖို့ကြံနေတဲ့ မစ္စတာဟမ်မာနဲ့ မက်စ်ရဲ့အမေ မြို့တော်ဝန်ကတော်ကြောင့် ဘယ်လိုအခက်အခဲတွေကြုံလာရမလဲဆိုတာတော့ ဒီဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရူရမှာပဲဖြစ်ပါတယ်