ဒီတစ်ခါ dramaအမျိုးအစား အချစ်ဇာတ်ကြမ်း ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအစမှာတော့ ရာဂျူးဆိုတဲ့ ကောင်လေးဟာ သူချစ်ရတဲ့လူကို ဆုံးရူံးလိုက်ရတဲ့အတွက် ဘဝကိုအလေးမထားတော့ပဲ ဖြတ်သန်းနေခဲ့ပါတယ် ရာဂျူးဟာဂီတမှာ ထူးချွန်သူတစ်ယောက် ဖြစ်ပေမယ့် အရက်ပဲသောက်နေပြီး အိမ်ကလူတွေ စကားကို လည်းဂရုမစိုက်ပဲ နေနေခဲ့ပါတယ် တစ်နေ့ ဆာစီဆိုတဲ့ကောင်မလေးတစ်ယောက်ကို သူတွေ့ခဲ့ပြီး ပြန်လည်ပျော်ရွှင်စ ပြုလာခဲ့ပါတယ် ဆာစီနောက်ကို သူတကောက်ကောက်လိုက်ပေမယ့် ဆာစီကသူ့ကိုပြန်အဖတ်မလုပ်တဲ့အတွက်ကြောင့် အိမ်ထိသွားပြီး ပေါက်ကွဲခဲ့ပါတယ် အဲ့ဒီမှာသိလိုက်ရတာက ဆာစီက ဉာဏ်ရည်မပြည့်စုံတဲ့သူတစ်ယောက်ပါတဲ့ သူအံ့ဩသွားခဲ့ပါတယ် ဒါပေမယ့် ဆာစီကိုသူတွေ့ခဲ့တာ ချစ်ခဲ့တာ လွန်ခဲ့တဲ့၂နှစ်ကတည်းကဆိုတာကို အားလုံးကိုပြောပြခဲ့ပါတယ် သူတို့ဘယ်လိုတွေ့ခဲ့ကြလဲ ဇာတ်လမ်းထဲမှာ ဆာစီဆိုတဲ့နာမည်တူလူနှစ်ယောက်ဖြစ်နေပါတယ် သူ့ချစ်သူနဲ့သူငယ်ချင်းပေါ့ ဘယ်ဆာစီကိုရာဂျူးဆုံးရူံးခဲ့ရတာလဲ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကို ဒရာမာဆန်ဆန်ကြည့်ရူရမှာပဲဖြစ်ပါတယ်