ဘာဒီလို့ချစ်စနိုးခေါ်ကြတဲ့ အသက် ၁၄နှစ်အ ရွယ် ကတ်သရင်းလေးဟာ သခင်ရိုလိုနဲ့လေဒီအက်ရှ်လင်းတို့ရဲ့တစ်ဦးတည်းသော သမီးငယ်လေးပါ။ သူ့မှာ အက်ဒ၀ပ်နဲ့ရောဘတ် ဆိုတဲ့ အစ်ကိုနှစ်ယောက်ရှိပါတယ်။ စီးပွားကျနေတဲ့ စံအိမ်သခင်ရိုလိုဟာဘေးစ ကားတွေနားယောင်ရင်း သူတို့ခေတ်ထုံးစံအတိုင်း အရွယ်ရောက်ခါနီးသမီးပျိုကို သူဌေးတွေနဲ့ပေးစားဖို့ကြံပါတယ်။ လင်ယူသားမွေး ကိစ္စတွေကိုလန့်နေတဲ့ ကလေးသာသာ ဘာဒီလေး ဟာ ပိုးပန်းသူ တွေကို နည်းအမျိုးမျိုးနဲ့ လန့်ပြေးအောင်လုပ်ပါတယ်။ ဖခင်က ရိုက်နှက်ပေမဲ့မမှုပါဘူး။ သူအပျိုဖြစ်တာမသိအောင် လည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူ့အဘိုးအရွယ်လောက်ရှိတဲ့ သခင်ကြီးတစ်ယောက်ကို လက်ထပ်ရဖို့ဖြစ်လာပါ တယ်။ သူ့အတွက်ကယ်တင်ရှင်ဟာ ဦးလေးဖြစ်သူ အန်ကယ်ဂျော့ဂ်ျလို့ ထင်ခဲ့ ပေမဲ့ ထင်သလိုဖြစ်မလာဘဲဘ၀အပြောင်းအလဲများ စွာကို ရင်ဆိုင်ရတဲ့အခါဘာဒီတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို ဥရောပအလယ်ခေတ်က မိန်းကလေးတွေရဲ့ဘ၀နဲ့ ကွဲပြားတဲ့ခေတ်အခြေအနေကို မီးမောင်းထိုးပြပြီး စိတ်၀င် စားစရာရိုက်ကူးထား ပါတယ်။