“တစ်ကိုယ်တည်းက အကောင်းဆုံးဘဝ” ဟုတ်ပါတယ် သံယောဇဉ်မရှိတဲ့ လွတ်လပ်တဲ့ဘဝ FA ဘဝက ပေါ့ပါးတာမှန်ပါတယ် စိတ်ဆင်းရဲစရာမရှိ၊ တွယ်တာစရာ သံယောဇဉ်မရှိ၊ သောကမရှိ လက်တွဲဖော်တွေဆိုတာ စိတ်ညစ်စရာ ဝန်ထုပ်ဝန်ပိုးတွေပဲတဲ့ ဒါပေမယ့် ဟုတ်ရဲ့လား တစ်ယောက်ထဲနေရတာ ပျော်စရာကောင်းတယ်ဆိုတာ တကယ်တမ်းမှာ မှန်ကန်ရဲ့လား လက်တွဲဖော်ဆိုတာ မှန်တယ် စိတ်ညစ်စရာတွေပေးတာလည်းရှိမယ် သူ့ကြောင့်ငိုရတာတွေလည်းရှိမယ် ဒါပေမယ့် ပျော်ရွှင်စရာ၊ ကြည်နူးစရာတွေလည်း ရှိတာပဲလေ ကိုယ့်ဘေးမှာ ဘယ်သူမှမရှိတဲ့အခါ ကိုယ့်ကို ဒုက္ခပေးမယ့်သူက ကိုယ်ကိုယ်တိုင်ဖြစ်လာတယ် လောကကြီးမှာ အဆူညံဆုံးအသံက ဆိတ်ငြိမ်မှုပဲတဲ့ ကိုယ့်ဘဝကြီးတစ်ခုလုံး တိတ်ဆိတ်လွန်းတဲ့အခါမှာ ဒီဆိတ်ငြိမ်မှုကို သည်းမခံနိုင်တော့ပဲထွက်သွားတတ်တယ် ကိုယ့်ဘဝမှာ ဝေမျှစရာ အခြားတစ်ယောက်မရှိဘူးဆိုရင် ဘဝဟာ သုညတစ်ခုနဲ့ဘာမှမခြားပါဘူး တစ်ယောက်ထဲပဲနေတော့မယ်လို့ ဆုံးဖြတ်ထားသူများ ကြည့်ကိုကြည့်သင့်ပါတယ်လို့ ညွှန်းဆိုရင်း