မူဒီးက နာမည်ကြီးကြေးစားလူသတ်သမားတစ်ယောက်ပါ ပြန်ပေးဆွဲခံခဲ့ရတဲ့အန်နာဆိုတဲ့မိန်းကလေးကို ဗီယက်နမ်ကနေ သူ ကယ်တင်လာခဲ့ပါတယ် အန်နာကို ထိပ်တန်းကြေးစားလူသတ်သမားဖြစ်လာအောင်လေ့ကျင့်ပေးခဲ့တဲ့ မူဒီးကို အန်နာက ဒုတိယအဖေတစ်ယောက်လို သဘောထားခဲ့ပါတယ် တစ်နေ့ မူဒီး ရက်ရက်စက်စက်အသတ်ခံလိုက်ရတဲ့အခါမှာ လက်စားချေဖို့အတွက် အန်နာက လူသတ်သမားကိုရှာဖွေဖို့ ဗီယက်နမ်ကိုထွက်လာခဲ့ပါတယ်လူသတ်သမားဘယ်သူလဲဆိုတာရှာဖွေဖို့က အင်မတန်ခက်ခဲတဲ့ပုစ္ဆာလိုဖြစ်နေပြီး လွန်ခဲ့တဲ့အနှစ်၃၀ကကိစ္စတွေနဲ့ပါရောထွေးနေပါတယ် ဒီဇာတ်ကားက လှည့်ကွက်တွေအတော်ကိုပါတယ်လို့ပြောလို့ရတဲ့ စိတ်ဝင်စားဖွယ် thrillerဇာတ်ကားကောင်းဖြစ်လို့ အားလုံးအကြိုက်တွေ့ဖို့ တင်ဆက်ပေးလိုက်ပါတယ်