Sign In
We'll never share your email with anyone else.
Reset Password

Enter your email address and we'll send you a link to reset your password.

Back to Sign In

Embattled

Embattled 2020

ဒီ Embattled ဇာတ်ကားမှာတော့ Jett Boykinsကအထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့အဖေနဲ့သူ့အမေက ကွာရှင်းထားကြသူတွေဖြစ်ပါတယ်။ Jettမှာ Williams Syndromeရောဂါနဲ့စိတ်ချို့ယွင်းချက်ရှိတဲ့ Quinnဆိုတဲ့ညီလေးတစ်ယောက်လဲရှိပါတယ်။ သူ့အဖေCashက MMAကနာမည်ကြီးလက်ဝှေ့သမားတစ်ယောက်ဖြစ်ပေမဲ့ သူအမေSusanကိုရိုက်နှက်မှုနဲ့ တရားရင်ဆိုင်ကာကွာရှင်းခဲ့ရသူပါ။Jettက သူ့အဖေလိုမျိုး လက်ဝှေ့သမားတစ်ယောက်ဖြစ်ဖို့ အိမ်မက်ရှိတာကြောင့် သူ့အဖေCashရဲ့လက်အောက်မှာလေ့ကျင့်နေသူဖြစ်တယ်။Cashက သူ့ခြေရာနင်းမဲ့ Jettကိုသားတစ်ယောက်အနေနဲ့ အသိအမှတ်ပြုပေမဲ့ Quinnကိုတော့ ထောက်ပံ့မှုအနည်းငယ်တောင်မပေးခဲ့ပါဘူး။ Cashအိမ်မှာ partyလုပ်နေရင်း Jettနဲ့သူ့အဖေ Cashတို့ ပြသာနာဖြစ်ခဲ့ရာကစပြီးတော့ သားအဖေနှစ်ယောက်ကြိုးဝိုင်းထဲမှာယှဉ်တိုက်ကြရမဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ သားအဖနှစ်ယောက် ပြိုင်ပွဲမို့ တစ်နိုင်ငံလုံးက စိတ်ဝင်တစားလာခဲ့ကြပါတယ်။Boyskin Vs Boyskinလက်ဝှေ့ပွဲမှာ ဘယ်သူကအနိုင်ရမလဲ။ Cashနဲ့ Jettရဲ့သားအဖဆက်ဆံရေးရောဘပြန်အဆင်ပြေသွားကြမလားဆိုတာစိတ်ဝင်စားဖွယ်ကြည့်ရှုကြပါအုံး။

ဒေါင်းလုပ် စာရင်းဆာဗာ

ဆင်တူ ရုပ်ရှင်တွေ

အကြံပြုချက် ရုပ်ရှင်တွေ