Sign In
We'll never share your email with anyone else.
Reset Password

Enter your email address and we'll send you a link to reset your password.

Back to Sign In

Серебряные коньки

Серебряные коньки 2020

အချိန်ကတော့ ၁၉ရာစုအကုန် ၂၀ရာစုအစ ရုရှားအင်ပါယာကြီးရဲ့မြိုတော် စိန့်ပီတာဘတ်လမ်းတွေမှာ ရေခဲပြင်အတိဖုံးပြီးနှင်းဖွေးဖွေးလှုပ်နေတဲ့ ဆောင်းရာသီတစ်နေ့ပါ။ ရေခဲပြင်ပွဲဈေးတွေနဲ့ စည်ကားနေတဲ့ လူအုပ်ကြီးကြားမှာ မတ်ဗေးတစ်ယောက်လည်း သူ့စကိတ်လေးတစ်ရံနဲ့ ပိုင်းမုန့်အမီပို့ဖို့ကို ခပ်သွက်သွက်လှုပ်ရှားနေရပါတယ်။ ကံဆိုးချင်တော့ လမ်းခုလတ်မှာ လူကြီးလမ်းကြောင်းရှိလို့လမ်းပိတ်ထားတာနဲ့တိုးပြီး အချိန်မီမုန့်မပိုနိုင်ခဲ့တဲ့အတွက် သူ့ခမျာ အလုပ်ထုတ်ခံလိုက်ရပါတော့တယ်။မတ်ဗေးရဲ့အလုပ်နဲ့ရင်းပြီး ဖြတ်သွားခွင့်ပေးလိုက်ရတဲ့ အရာရှိမြင်းလှည်းကြီးဦးတည်သွားရာ စံအိမ်ကြီးမှာတော့ အလီဆာဆိုတဲ့မိန်းမပျိုလေးတစ်ဦးနေပါတယ်။ အလီဆာဆိုတာကတော့ သိပ္ပံပညာကိုအင်မတန်စိတ်ဝင်စားတဲ့ အထက်တန်းစားမိန်းမပျိုလေးတစ်ဦးပါ။ဒါပေမယ့် အဲဒီ ၁၉ရာစုခေတ်တွေမှာ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပိုင်နိုင်ရမယ်၊ ဗိုင်းကောင်းကျောက်ပိနေရမယ်၊ ပညာတတ်စရာမလိုဘူးလို့ခံယူထားကြလေတော့ အလီဆာ့ခမျာ ဖခင်ဖြစ်သူရှေ့မှာ ပညာရေးအကြောင်းမဟရဲဘဲ ဝါသနာပါရာကို ပုန်းလျှိးကွယ်လျှိးလုပ်ရရှာပါတယ်။

ဒေါင်းလုပ် စာရင်းဆာဗာ

ဆင်တူ ရုပ်ရှင်တွေ

အကြံပြုချက် ရုပ်ရှင်တွေ