ဒီအပိုင်းကတော့ ဆယ်လ်မာနဲ့နသန်တို့စတင်တွေ့ဆုံခြင်းပါပဲ ဆယ်လ်မာကကျောင်းပြောင်းလာတဲ့ ကျောင်းသူသစ်လေး ပေါ့နသန်ကတော့ထုံးစံအတိုင်း ရန်ဖြစ်တတ်တဲ့ဆိုးဆိုးပေပေကောင်လေးပါပဲ ကျောင်းနောက်ကျလို့ ပိတ်သွားတဲ့ ကျောင်းတံခါးကြည့်ရင်း စိတ်ဓာတ်ကျနေတဲ့ဆယ်လ်ကို နသန်ကကူညီပေးရင်း သူတို့နှစ်ယောက်ရင်းနှီးသွားခဲ့ပါတယ် နသန်က ကောင်ချောလေးဖြစ်တဲ့အပြင် ဂျစ်ကန်ကန်နဲ့ အစအနောက်လည်းသန်တော့ သူ့ကိုကြိတ်သဘောကျနေတဲ့မိန်း ကလေးတွေလည်း အများသားရယ်ပေါ့ ဒါပေမယ့် တစ်ယောက်ကိုမှစိတ်မဝင်စားခဲ့တဲ့နသန်က ဆယ်လ်မာ့ကိုတော့ မြင်မြင်ချင်းချစ်သွားခဲ့မိတယ် တကယ်ချစ်တဲ့လူအတွက်ပြောင်းလဲပေးချင်ကြတာ ယောကျာ်းတွေရဲ့သဘာဝပဲမလား ဒီတော့ အေးအေးဆေးဆေးနေတတ်တဲ့ဆယ်လ်မာနဲ့ အလိုက်သင့်နေနိုင်အောင် အချစ်ရဲ့ခွန်အားနဲ့ နသန်တစ်ယောက် ကြိုးစားပုံတွေ သူတို့နှစ်ယောက်ကြားကအခက်အခဲဖြေရှင်းပုံတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှူရမှာပဲဖြစ်ပါတယ်