စူပါပါဝါလည်းရှိ၊ ဒိုင်နိုဆောလည်းပါပြီး၊ နင်ဂျာတွေနဲ့ပါချတဲ့ ရုပ်ရှင်မျိုး မရှိဘူးထင်ရင် မှားသွားပါမယ်။Social mediaတွေမှာတွေ့နေကြ memeရုပ်ရှင်လေးလာပါပြီ။ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ သူ့မိဘတွေဆုံးပါးသွားတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ဖြစ်အောင် တရုတ်ပြည်ဘက် ခရီးထွက်လာပါတယ်။ တရုတ်ပြည်သွားရာကနေ မထင်မှတ်ပဲ ဒိုင်နိုဆောအဖြစ်ပြောင်းနိုင်တဲ့အစွမ်းတွေရရှိလာပါတော့တယ်။ ဒိုင်နိုဆောအစွမ်းတွေရှိလာတဲ့အချိန် ကာရိုဆိုတဲ့ အပျော်မယ်လေးနဲ့တွေ့ဆုံမိချိန်မှာ သူ့ရဲ့ ဒိုင်နိုဆောပြောင်းနိုင်တဲ့ အစွမ်းတွေကို ဘယ်လိုအသုံးချသွားမလဲဆိုတာကြည့်ရှု့ရမှာပါ။