ဆွန်းရီ လို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်က အချစ်မပါတဲ့ အိမ်ထောင်ရေးတစ်ခုကို ရရှိထားပါတယ်။ တစ်နေ့မှာတော့ ခင်ပွန်းသည်က သူ့ကိုအသိမပေးဘဲ ဗီယက်နမ်စစ်မြေပြင်ကို စစ်တိုက်ဖို့ ထွက်သွားတဲ့အချိန်မှာတော့… ခင်ပွန်းသည်ကို သူမရဲ့ အချစ်တွေကိုပြသဖို့အပြင်၊ ခင်ပွန်းသည်နဲ့ပါ တွေ့ဆုံနိုင်ဖို့အတွက် စစ်ပွဲတွေမှာ ဖျော်ဖြေကပြတဲ့ အဖွဲ့ထဲဝင်လိုက်တော့တယ်။ သူမက ဗီယက်နမ်တိုက်ပွဲတွေကြားထဲအထိသွားပြီး သူ့ရဲ့အချစ်တွေကိုဘယ်လို ခိုင်ခိုင်မာမာ သက်သပြသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။