ဒီတစ်ခါမှာတော့ Ranveer Singh ရဲ့ ၂၀၁၄ခုနှစ်က ထွက်ရှိထားတဲ့ Kill Dilဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒေ့ဗ်နဲ့တူတူတို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့တွေဖြစ်ပြီး အကိုရာဂျီဆိုတဲ့လူဆိုးခေါင်းဆောင်က သူတို့ကိုခေါ်ယူမွေးစားခဲ့ပါတယ်။ လူဆိုးကမွေးစားတာဆိုတော့သူတို့ဟာငယ်ငယ်ကတည်းက လူသတ်ရင်းနေထိုင်လာခဲ့ကြတာပါ။ တစ်နေ့မှာ ဒေ့ဗ်ဟာကောင်မလေးတစ်ယောက်ကို ချစ်မိသွားပြီး ဒီအလုပ်ကိုစွန့်လွှတ်ချင်လာပါတော့တယ်။အဲ့အချိန်မှာ အကိုရာဂျီနဲ့ဘယ်လိုတွေ ရင်ဆိုင်ရမလဲ။ ဘယ်လိုအခက်ခဲတွေကို ရှိလာအုံးမလဲဆိုတာကိုကြည့်ရှုခံစားရမယ့်အက်ရှင် ရိုမန့် ဇာတ်ကားလေး ဖြစ်ပါတယ်။