Sign In
We'll never share your email with anyone else.
Reset Password

Enter your email address and we'll send you a link to reset your password.

Back to Sign In

Body Heat

Body Heat 1981

ရှေ့နေနက်ဒ်ရာဆင်းဟာ အကျင့်ပျက်ခြစားမှုတွေ မရှားပါးတဲ့ သူ့မြို့မှာ သူလည်သလို ဖျံကျလိုက်၊ လူလွတ်ဘဝနဲ့ ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေရာက တစ်ညမှာ မတ်တီဝေါ်ကာဆိုတဲ့ မိန်းမတစ်ယောက်ကို ဆုံမိပြီးတော့ စွဲလမ်းသွားခဲ့တယ်။ မတ်တီက အိမ်ထောင်ရှိအမျိုးသမီးပေမဲ့ အဲဒီလိုစည်းမျိုးကို သောင်ပြင်ပေါ်ကခြေရာလောက် သဘောထားတဲ့ နက်ဒ်က မရမကလိုက်တဲ့နောက်မှာ အစတည်းက ခင်ပွန်းသည်အပေါ် အလိုမကျတဲ့ မတ်တီကလည်း နက်ဒ်လက်လှမ်းတည်းက ပါသွားခဲ့တယ်။မတ်တီ့ယောက်ျားနောက်ကွယ်မှာ နှစ်ယောက်သား ပျော်ပျော်ကြီးကြိတ်ပုန်းခုတ်ရင်း တစ်ရက်မှာတော့ သူတို့ဖောက်ပြီးသားစည်းထက် အများကြီးပိုကြီးကျယ်တဲ့ စည်းတစ်ခုကို ထပ်ကျော်ဖို့အတွက် နက်ဒ်တို့တွေ စိတ်ကူးရလာကြတယ်။ အဲဒါကတော့ ငွေကြေးအတော်တောင့်တင်းတဲ့ မတ်တီရဲ့ယောက်ျားဖြစ်သူကို လုပ်ကြံပြီးတော့ ကျန်ခဲ့မယ့်အမွေတွေကို သူတို့နှစ်ယောက် အပိုင်သိမ်းယူဖို့ပဲ။ ဒါပေမဲ့ အဲဒီအကြံအစည်ကို အကောင်အထည်ဖော်ရင်းကနေ ကြုံလာရတာတွေက မှန်းထားသလိုနဲ့ မကိုက်တော့တဲ့နောက်မှာ သူ မြွေပွေးခါးပိုက်ပိုက်မိပြီလားလို့ နက်ဒ်တစ်ယောက် မယုံနိုင်ခြင်း တုန်လှုပ်ခြင်းများစွာနဲ့အတူ မေးခွန်းထုတ်လာမိတော့တယ်။

ဒေါင်းလုပ် စာရင်းဆာဗာ

ဆင်တူ ရုပ်ရှင်တွေ

အကြံပြုချက် ရုပ်ရှင်တွေ