မိဘမဲ့တစ်ယောက်ဖြစ်တဲ့Vanmethဟာ ကော်ဖီဆိုင်လေးဖွင့်ကာ ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းရှင်သန်နေသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ဆိုင်ကို ကွတ်ကီးလာပို့ပေးတဲ့မိန်းမချောလေးChitra ကို Vanmethတစ်ယောက် အချစ်ကြီးချစ်မိသွားခဲ့တယ်။ Chitra ကိုချစ်ခွင့်ပန်ခဲ့ပေမဲ့ ငြင်းဆိုခံလိုက်ရတဲ့အခါ Vanmethတစ်ယောက် ကော်ဖီဆိုင်ပိတ်ကာ မြို့ပြောင်းဖို့ စီစဉ်နေတုန်းမှာဘဲ Chitra ဟာ Vanmethကို သူမလဲချစ်မိနေကြောင်းကို ဝန်ခံခဲ့တယ်။ Chitra တစ်ယောက် Vanmethကို ငြင်းဆန်ရတဲ့အကြောင်းအရင်းဟာ Chitra နဲ့သူမမိသားစုဟာ သေဆုံးသွားတဲ့ဦးလေးဖြစ်သူ အသက်ပြန်ရှင်သန်လာအောင်အတွက် မိသားစုလိုက်သတ်သေဖို့ စီစဉ်နေကြလို့ဘဲဖြစ်တယ်။အကြောင်းအရင်းမှန်ကို သိသွားတဲ့Vanmethတစ်ယောက် Chitra ကိုတားဖို့အတွက် စိတ်ရောဂါဆရာဝန်တွေနဲ့ ဆွေးနွေးခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့တာကြောင့် Chitra တို့ယုံကြည်မှုတွေ မှားယွင်းနေကြောင်း သတ်သေပြဖို့အတွက် Chitra တို့အိမ်ကို လိုက်သွားခဲ့တယ်။ Vanmethတစ်ယောက် Chitra တို့မိသားစုကြံစည်နေတဲ့ မိသားစုလိုက်သတ်သေမှုကို တားဆီးနိုင်ပါ့မလား။ Chitra တို့ကရော ဘာလို့ဒီလိုမျိုးသတ်သေဖို့ စီစဉ်နေရတာလဲ