လူငယ်တစ်စု အိမ်အိုကြီးတစ်လုံးထဲ ရောက်သွားရာကနေ သရဲစီးခံသလို နတ်ပူးခံရသလို ဖြစ်ပြီး ပျောက်ခြင်းမလှ ပျောက်သွားရာကနေ ရက်ပိုင်းလောက်အကြာမှာ အဲဒီအုပ်စုထဲက ကောင်မလေးတစ်ယောက်ကို ပြန်တွေ့ပြီး အိမ်ခေါ်လာရာက အမှောင့် ပယောဂတွေကပ်ပါလာတဲ့ သဘောမျိုးပါ။ဇာတ်ကွက်အလှည့် အပြောင်းလေးတွေကလည်း ပါတော့ လိုအပ်ချက်အချို့ကိုသာ ဖယ်ထားလိုက်ရင် သူ့အရပ်နဲ့သူ့ဇာတ်တော့ ကြည့်ပျော်ရှုပျော် ရှိပါတယ်။