ကိုဗစ်ကပ်ဘေးဒုက္ခကို ရင်ဆိုင်အပြီးမှာ တစ်ကမ္ဘာလုံး ထင်မှတ်မထားတဲ့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်ရပြန်ပါပြီ။ တစ်ချိန်တည်းမှာ လူသန်းနဲ့ ချီပြီး ရုတ်တရက်ပျောက်သွားတာ ဖြစ်ပါတယ်။ လူတွေအားလုံး စိုးရိမ်ထိတ်လန့်မှုတွေ ကြောက်လန့်မှုတွေ ခံစားနေရပြီး အကြမ်းဖက်မှုတွေ မကောင်းမှုတွေလည်း ကမ္ဘာနှင့်အဝှမ်း မြင့်တက်လာပါတယ်။ တစ်ကမ္ဘာလုံး ဒုက္ခအတိနဲ့ အဆိုးဆုံးနေ့ရက်တွေကို ရင်ဆိုင်နေရပါတယ်။ဒီအချိန်မှာ ကုလသမဂ္ဂခေါင်းဆောင် နစ်ကိုလိုင်း ကာပေသီယန်က ကပ်ဘေးဒုက္ခကနေ ရှင်သန်နိုင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ်စုစည်းပြီး ဘေးဒုက္ခတွေ ဆင်းရဲမွဲတေမှုတွေကနေ လွတ်မြောက်နိုင်ဖို့ ကြိုးစားရမယ်လို့ ဆိုလာပါတယ်။ လူအများကတော့ သူ့ကို သဘောကျပြီး အားပေးထောက်ခံနေကြပါတယ်။ နစ်ကိုလိုင်း ပုံဖော်ထားတဲ့အတိုင်း ကမ္ဘာ့နိုင်ငံတွေကို တစ်နိုင်ငံတည်းအဖြစ် စုစည်းပြီး ကပ်ဘေးကနေ လွတ်မြောက်နိုင်ပါ့မလား။ နစ်ကိုလိုင်းရဲ့ ရည်ရွယ်ချက်တွေကရော စစ်မှန်ရဲ့လား။ ကမ္ဘာကြီးကို နောက်ဆုံးနေ့ရက်တွေဆီ ဆွဲခေါ်သွားမှာလားဆိုတာကိုတော့ ခံစားကြည့်ရှုလိုက်ကြပါဦးနော်။